Heritage & Conservation Journals and Publications

“Management of Occurring Threats to Wooden Monasteries in Mandalay: A Case Study of Maha-Minhtin Monastery”

“Management of Occurring Threats to Wooden Monasteries in Mandalay: A Case Study of Maha-Minhtin Monastery | မန္တလေးမြို့ရှိသစ်သားဘုန်းကြီးကျောင်းများ ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များကိုစီမံခန့်ခွဲခြင်း- မဟာမင်းထင်ဘုန်းကြီးကျောင်း ကို လေ့လာခြင်း”

by

Mary Oo and Thet Oo

Keywords: Mandalay, Tentative list, Late Konbaung wooden monasteries, Threats, Maintenance, မန္တလေး၊, လျာထားစာရင်း၊, ကုန်းဘောင်ခေတ်နှောင်းသစ်သားဘုန်းကြီးကျောင်းများ၊, အန္တရာယ်များ၊, ပြုပြင်ထိန်းသိမ်းမှု

Abstract:
Pyu ancient cities and Bagan are recognized as World Heritage Sites in Myanmar. Likewise, Mandalay is on one of the tentative lists under the name of Ancient Cities of Upper Myanmar: Innwa, Amarapura, Sagaing, Mingun, and Mandalay, submitted in 1996. As Mandalay is the cultural capital of Myanmar, many intangible and tangible cultural heritage from different times (the late Konbaung, the colonial era and the pre-independence era, etc.) remain. It is striving to become a world heritage site by means of these factors. Out of the tangible heritage structures, most are religious buildings (stupas, temples, monasteries, churches, mosques, Hindu temples, etc.). Almost all of these buildings are still in use by way of their original functions and are being maintained by the relevant authorities to the best of their ability. Additionally, these buildings were made of weather-resistant materials such as brick and stone, so they still exist intact to this day. However, amid all of them, the late Konbaung period wooden monasteries face grievingly confronting devastations. For the wooden monasteries are almost a hundred years old and have been impaired by many natural disasters. They have been encountering disturbing threats owing to the decay of wood, the scarcity of quality wood for replacement, and poor maintenance techniques. Systematic management for the long-term existence of the wooden monasteries of the late Konbaung era, in the Unesco World Heritage tentative site of Mandalay is important. Therefore, in this research paper, the case study of a monastery facing the worst possible situation is identified and described followed by a discussion on the ways to prevent these hazards and locally appropriate maintenance recommendations will be looked for and presented. A lot of research that is associated with the architecture of wooden monasteries in Mandalay, histories and the wood has been done by various local and foreign professionals. However, this research aims to fill this gap, as the reasons for the deterioration of these wooden monasteries, challenging threats, and experiencing facts to be long-lasting have not been systematically researched yet.

မြန်မာနိုင်ငံတွင် ရှေးဟောင်းပျူမြို့များနှင့် ပုဂံသည် ကမ္ဘာ့အမွေအနှစ်ဒေသများအဖြစ်သတ်မှတ်ခံထားရသည့် မြို့များဖြစ်သည်။ ၎င်းတို့နည်းတူမန္တလေးမြို့သည်လည်း ရှေးဟောင်းမြို့များဖြစ်သည့် အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းမြို့တို့နှင့်အတူ ကမ္ဘာ့အမွေအနှစ်ဒေသတခုဖြစ်ရန် ၁၉၉၆ ခုနှစ်ကပင် လျာထားကြိုးပမ်း ဆောင်ရွက်နေသည့် ဒေသတခုဖြစ်သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော် ဖြစ်သည်နှင့်အညီ ကုန်းဘောင်ခေတ်နှောင်း (ရတနာပုံခေတ်)၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးအကြိုခေတ်စသဖြင့် ခေတ်အဆက်ဆက်က ရှိခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ များစွာကျန်ရှိနေသေးသည်။ ထိုအချင်းအရာ များကို အားပြု၍ ကမ္ဘာ့အမွေအနှစ်နေရာတခုဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ဒြပ်ရှိအမွေအနှစ်များထဲတွင် ဘာသာရေး နှင့် ဆိုင်သော အဆောက်အဦများ (စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္နူဘုရားကျောင်းစသဖြင့်) မှာအများဆုံးဖြစ်သည်။ ထိုအဆောက်အဦးအားလုံးနီးပါးမှာ ယခုအချိန်ထိ ၎င်းတို့၏မူလရည်ရွယ်ထားသည့် အတိုင်းအသုံးပြုလျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ မူလလက်ရာမပျက်အောင်အတတ် နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ ထို့အပြင် ၎င်းအဆောက်အဦးများကို အုတ်၊ ကျောက် စသည့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် ယနေ့ထက်တိုင်ကောင်းစွာ တည်ရှိ နေကြသည်။ သို့သော် ၎င်းတို့ထဲ တွင် ကုန်းဘောင်ခေတ်နှောင်းသစ်သားဘုန်းကြီးကျောင်းများမှာ ဝမ်းနည်းစရာကောင်းစွာပင် ပျက်စီးမှုများစွာဖြင့်ရင်ဆိုင်နေရသည်။ သစ်သားဘုန်းကြီးကျောင်းများသက်တမ်းမှာ နှစ်တရာနီးပါးရှိပြီဖြစ်သောကြောင့်သဘာဝ ဘေးဒဏ်အများအပြား ရိုက်ခတ်ခံခဲ့ရသဖြင့် အသုံးပြုထားသောသစ်သားများဆွေးမြေ့ပျက်စီးလာခြင်း၊ အစားထိုး ပြုပြင်ရန် အရည်အသွေးစံချိန်မီ သစ်သားရှားပါးလာခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့်  စိုးရိမ်ဖွယ် အန္တရာယ်များ ပိုမိုကြုံတွေ့နေရသည်။ အမွေအနှစ်ဝင်ရန်လျာထားနေရာ တခုဖြစ်သည့် မန္တလေးမြို့ရှိကုန်းဘောင်ခေတ်နှောင်း၏လက္ခဏာတခု ဖြစ်သော သစ်သားဘုန်းကြီးကျောင်းများ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရန်မှာ အရေးပါ သည့် အခန်းကဏ္ဍတခုပင်ဖြစ်သည်။ ထို့ကြောင့် ဤသုတေသနတွင် သစ်သားဘုန်းကြီးကျောင်း များကြုံတွေ့နေရသည့် အန္တရာယ်များ ကို ပျက်စီးမှုအဆိုးဆုံးအခြေအနေရှိနေသည့် ဘုန်းကြီးကျောင်းတကျောင်းကို နမူနာ အဖြစ်လေ့လာခြင်း၊ ၎င်းအန္တရာယ်များ မှ တားဆီးကာကွယ်ရန်နည်းလမ်းများနှင့် နေရာဒေသနှင့်ကိုက်ညီမည့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက်များကို ရှာဖွေတင်ပြသွားမည်ဖြစ်ပါသည်။ မန္တလေးရှိသစ်သားဘုန်းကြီးကျောင်းများ၏ ဗိသုကာလက်ရာများ၊ သမိုင်းကြောင်းများ နှင့် သစ်သားနှင့် ပတ်သက်သည့် သုတေသနများစွာကိုပြည်တွင်းပြည်ပ ပညာရှင် အသီးသီးမှ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဤသစ်သားကျောင်း များ ပျက်စီးလာသည့် အကြောင်းရင်းများ၊ ရင်ဆိုင်နေရသည့်အန္တရာယ်များ နှင့် ရည်ရှည်ရပ်တည်ရန် ကြုံတွေ့နေရသည့် အချက်များကို စနစ်တကျ သုတေသနပြုလုပ်ထားခြင်းမရှိသေးသည့်အတွက် ထိုလစ်ဟာမှုကို ဖြည့်ဆည်းပေးရန် ဤ သုတေသနက ရည်ရွယ်ပါသည်။

Access the full article for free on the SPAFA Journal website at DOI: https://doi.org/10.26721/spafajournal.nlaghvakd1

Print Friendly, PDF & Email